ဇီလန်စကီး၏ တိုမာဟော့ဒုံးကျည် တောင်းဆိုမှု ဒေါ်နယ်ထရမ့် ငြင်းဆို

(နိုင်ငံတကာ) အောက်တိုဘာ ၁၉

ယူကရိန်းသမ္မတ ဗိုလိုဒိုမာ ဇီလန်စကီး က အမေရိကန်နိုင်ငံမှ တိုမာဟော့ဒုံးကျည်များ ထောက်ပံ့ပေးရန် တောင်းဆိုထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထိုတောင်းဆိုချက်ကို ငြင်းဆိုလိုက်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Axio သတင်းဌာနက ဖော်ပြထားသည်။

ထရမ့် နှင့် ဇီလန်စကီး တို့သည် အောက်တိုဘာလ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်အနေဖြင့် ယူကရိန်းသို့ တိုမာဟော့ဒုံးကျည်များ ထောက်ပံ့ပေးရန် စိတ်ကူးမရှိကြောင်း ထရမ့်ကပြောလိုက်ခြင်းဖြစ်သည်။

ထရမ့် သည် ရုရှားနှင့် ယူကရိန်းတို့ကြား ဖြစ်ပွားနေသောပဋိပက္ခများ ပြေငြိမ်းစေရေးအတွက် ကြားဝင် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထရမ့် အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ဖုန်းဆက် ဆွေးနွေးပြီးနောက် ဇီလန်စကီး နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN