အစိုးရတစ်ရပ်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူပြည်သားတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ နိုင်ငံတော်ယာယီသမ္မတပြော

(ပြည်တွင်း) အောက်တိုဘာ ၁၇

နောင်လာမယ့် အစိုးရအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးကိစ္စရပ်တွေကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ် တွေကို မနေ့က အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ဆုံမှာကြားလိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုမှာကြားရမှာ နိုင်ငံတော်ယာယီသမ္မတက အစိုးရတစ်ရပ်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူပြည်သားတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်သလို နိုင်ငံတော်လုံခြုံ အောင်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာကလည်း မိမိတို့နိုင်ငံအပေါ် လူရိုသေရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုပြီး ဒါမှသာ ခိုင်မာတဲ့ အစိုးရ တစ်ရပ်အနေနဲ့ ပြည်သူလူထုအနေနဲ့ အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ယုံကြည်စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ် ဒါကြောင့် အရေးကြီးအဆုံးအချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ပေး ကြရမယ်လို့ နိုင်ငံတော်ယာယီသမ္မတက သူ့ရဲ့အစိုးရအဖွဲ့တွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်ဟာ မြို့ပြမှာနေထိုင်ကြတာဖြစ်ပြီး အဲ့ဒီလူဦးရေထဲက ၅၀ ရာခိုင်နှုန်းခန့်ဟာ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့သားငါး ကဏ္ဍတွေမှာ အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေဖြစ်တာကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်ငန်းတွေ တိုးတက်အောင်ဆောင်ရွက်ခြင်းဟာ နိုင်ငံ့စီးပွားရေးကိုမြှင့်တင်တာဖြစ်တယ်လို့လည်း နိုင်ငံတော်ယာယီသမ္မတက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှ နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်လို့ ဆင်းရဲမွဲတေမှုကိုတပါတည်း လျှော့ချနိုင်မယ်လို့လည်း သူကပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#PAN