ညောင်ဦးတွင် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်

(ပြည်တွင်း) အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာ အုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ညနေ ၄ နာရီအချိန်ခန့်က PDF ၂၀ ဦးခန့်သည် သေနတ်များကိုင်ဆောင်လျက် ဂျမ်းလှီးကျေးရွာဘက်မှ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ထီးပုကျေးရွာ အုပ်ချုပ်ရေးမှုး ဦးလွင်ကို၏ နေအိမ်အရောက်တွင် အကြမ်းဖက် PDF များမှ ဦးလွင်ကိုအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလွင်ကိုအား ၎င်း၏နေအိမ်ရှေ့ကွက်လပ်တွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နားအောက် ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် ပက်လက်အနေအထားဖြင့် သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် PDF များ ထွက်ခွာသွားသည့်နေရာသို့ လုံခြုံရေးတာဝန်ရှိသူများမှ လိုက်လံပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

#PAN