

(မှုခင်း)အောက်တိုဘာ ၁၇
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၉/၂)တွင် ယာဥ်နှစ်စီးတိုက်မိရာ တစ်ဦးသေဆုံးကြောင်းသိရသည်။
ယမန်နေ့ည ၆နာရီ၅၀မိနစ်ချိန်ခန့်က ညောင်လွန့်အထကကျောင်းရှေ့တွင် ယာဉ်(၂)စီးတိုက်မိပြီး လူညပ်နေသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။သည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ကျား(၁)ဦး သေဆုံးတို့အား ပရဟိတသူနာတင်ယာဉ်များဖြင့် တပ်ကုန်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။