
(ပြည်တွင်း) အောက်တိုဘာ ၁၆
၂၀၂၅ ရွေးကောက်ပွဲက အောင်မြင်မှုရှိမည့်အပြင် လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မည် ဟုယုံကြည်ကြောင်း အောက်တိုဘာလ ၁၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ် များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိတဲ့မြို့နယ်များကို ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ချိန်မှာ ကျင်းပပေးမည်ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယာယီသမ္မတက ရွေးကောက်ပွဲကို ရာနှုန်းပြည့်မလုပ်နိုင်သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မလုပ်နိုင်တဲ့ ရွေးကောက်ပွဲနေရာများကို နောင်လာမယ့် အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲလုပ်တဲ့အချိန်တွင် ဖြည့်ဆည်းပြီး အားလုံးပြည့်စုံအောင်လုပ်ဖို့ စဉ်းစားထားကြောင်း ပြောကြားခဲ့ ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ ၆ ပါတီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေး ပါတီ ၅၇ မှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယခင်ရွေးကောက်ပွဲ သုံးရပ်လုံးတွင်ရရှိခဲ့သည့် အတွေ့အကြုံအရ မဲလက်မှတ်များနှင့် ကြိုတင်မဲများမှာ မဲမသမာမှုများဖြစ်ခဲ့တာကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ မဖြစ်ပေါ်စေရန်အတွက် ယခုရွေးကောက်ပွဲမှာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
#PAN