

(ပြည်တွင်း) အောက်တိုဘာ ၁၂
စစ်တပ်ကိုနိုင်ငံရေးမှာမပါဖို့ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လက်နက်ကိုင်တစ်ချို့ပြောဆိုလိုက်ပါတယ်။
NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်စဉ်ကာလ အတွင်း မြန်မာစစ်တပ်ဟာ လုပ်ငန်းစဉ်ကို လွှမ်းမိုးထိန်းချုပ်တာ စစ်တပ်ကြီးစိုးရေး မူဝါဒတွေနဲ့ တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်ဖို့ တားဆီးတာတွေပြုလုပ်ခဲ့သလို၊ စာချုပ်ပါ သဘောတူညီချက်တွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်တွေရှိခဲ့တယ်လို့ NCA နှစ်ပတ်လည်မတက်ခြင်တဲ့ KNUနဲ့ လက်နက်ကိုင်တွေကစွပ်စွဲပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေတယ်လို့ KNU ရဲ့ NCA အကြောင်းပြ စွပ်စွဲပြောဆိုချက်မှာပါရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိဖို့ ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ကပြောဆိုထားပါတယ်။
(NCA) လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀) နှစ် ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ဖို့ UN, ASEAN အပါအဝင် နိုင်ငံတကာသံတမန်တွေကို တိုက်တွန်းတယ်လို့ လက်နက်ကိုင်ကာတိုက်ပွဲဖော်နေတဲ့ သောင်းကျန်းသူတွေက ထုတ်ပြန်ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးရဲ့လမ်းစဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်မှုမရှိစေဖို့ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ဖို့ဆောင်ရွက်မယ်လို့ လက်နက်ကာ တိုက်ပွဲဖော်နေတဲ့ KNU, CNF, ABSDF၊ PNLO၊ MNSP နဲ့ LUD တို့က သဘောထားထုတ်ပြန်ထားပါတယ်။
၂၀၂၀ ခုနှစ်မှာ NLD ပါတီနဲ့အစိုးရတို့က ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်းဖြစ်ပွားခဲ့တဲ့ မဲမသမာမှု မဲလိမ်မဲခိုးမှုတွေကိုမျက်ကွယ်ပြုပြီး NLD ပါတီတွေကို လက်နက်ကိုင်သင်တန်းပေးကာ PDF အဖြစ်မွေးမြူခဲ့သလို CDM တွေကိုလည်း လက်ခံပေးထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ပြုလုပ်လာတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက ထိုင်း – မြန်မာနယ်စပ်ဒေသတွေ မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်းက ဒေသတစ်ချို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ KNU, CNF, ABSDF နဲ့ PNLO တို့ဟာ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့နဲ့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှာ
လက်မှတ်ရေးထိုးခဲ့ပြီး NMSP နဲ့ LDU တို့ကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။