
(မှုခင်း)အောက်တိုဘာ ၁၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ၊ ရွာတော်ကျေးရွာအုပ်စု ၊ ရွာသစ်ကျေးရွာတွင် ယနေ့နံနက်၅နာရီကျော်အချိန်က အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သိရသည်။
သေဆုံးသူမှာ ဒေါ်အေးပြုံး၊၂၁နှစ် ၊ (ဘ)ဦးထွန်းရင်၊ ရွာသစ်ကျေးရွာ ၊ ပုဗ္ဗသီရိမြို့နယ်နေသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးမင်းမင်းဟန်မှ မနက်အလုပ်သွားရန်အတွက် အိပ်ယာထခဲ့ရာမှ နေအိမ် အပေါ်ထပ် အရှေ့ခန်း အမိုးထုတ်တန်း အမြင့်(၇)ပေခန့်တွင် သုံးပင်လိမ် အပြာနီရောင် ပလက်စတစ်ကြိုး အရှည် (၈)ပေခန့်အား လည်ပင်းတွင် ကွင်းလျောချည်လျှက် သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား စေတနာ နာရေးကူညီမှုအသင်းယာဉ်ဖြင့် ဇေယျာသီရိမြို့နယ်၊ ခုတင် (၅၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။