
(မှု့ခင်း) အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အောက်တိုဘာ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက်၊ ရွှေမြင်တင်ဘုရားအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ မြောက် မှ တောင် သို့ ပြည်သာယာတောင်ရပ်ကွက်နေ မျိုးသက်မောင်၊ ၃၀ နှစ် မောင်းနှင်လာသည့် YGN-41 6F/XXXX MITSUBISHI CANTER ယာဉ်သည် အခင်းဖြစ်နေရာ အရောက်၌ ဝဲဘက်ယာဉ်ကြောသို့ ဂငယ်ကွေ့ ချိုးကွေ့လိုက်စဉ် လားရာတူနောက်မှ ကန်သာကျေးရွာနေ ဇေယျာဦး၊ ၂၁ နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ကျော်မင်းဦး(ခ)ဖိုးပြည့်၊ ၂၂ နှစ်လိုက်ပါလာသည့် LUOJIA-110 ဆိုင်ကယ်အား ချိတ်မိ၍ ဆိုင်ကယ်လဲကျသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဇေယျာဦး နှင့် ကျော်မင်းဦး(ခ)ဖိုးပြည့်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မျိုးသက်မောင်အား မိတ္ထီလာမြို့မရဲစခန်း ယာဉ်(ပ)၁၈/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#PAN