
(မှုခင်း) အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာတွင် အောက်တိုဘာ ၅ ရက်နေ့ နေ ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ အင်အား(စိစစ်ဆဲ)မှ သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာနေ ဦးခိုင်စိုးဦး၊ ၃၆ နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး “သတင်းပေး/ ဒလန်”ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးခိုင်စိုးဦး တွင် နဖူး၊ ယာဘက်နားနှင့် လည်ပင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား “ငါနှင့် မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
#PAN