၈ ထပ်ရေတံခွန်သို့ ရေသွားရောက်ကစားရာမှ လူ ၅ ဦးပြုတ်ကျ


(ပြည်တွင်း) စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ၈ ထပ်ရေတံခွန်သို့ ရေသွားရောက်ကစားရာမှ လူ ၅ ဦးပြုတ်ကျသွားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ (၈)ထပ်ရေတံခွန်တောင်သို့ လူ(၁၄)ဦး သွားရောက်ရေကစားရာ (၅)ဦးမှာ (၃)ထပ်ရေတံခွန်သို့ ပြုတ်ကျသွားသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီအချိန်ခန့်တွင် ရုရှားနိုင်ငံသား ကျား(၁)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး၊ ည ၆ နာရီကျော်အချိန်ခန့်တွင် မ(၂)ဦးသေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကာ ကျန်(၂)ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

PAN