ပြည်ခိုင်ဖြိုး အဆင်သင့်ဖြစ်နေလို့ ပါတီဥက္ကဋ္ဌ တိုင်းပြည်ကိုပြော

(ပြည်တွင်း) စက်တင်ဘာ ၂၉

၂၀၂၅ အစိုးရအတွက် သူတို့အဆင်သင့်ဖြစ်နေပြီလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတစ်ချို့ကို ပြည်ခိုင်ဖြိုးပါတီက ပြောဆိုလာတာတွေ့ရပါတယ်။

​ပြည်ခိုင်ဖြိုးပါတီကတော့ လာမယ့်၂၀၂၅ အထွေထွေ ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦးနဲ့ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဥ်ပြိုင်မယ့် ၆ ပါတီအနက် အများဆုံး အမည်စာရင်းတင်သွင်းထားတဲ့ပါတီဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့အဆင်သင့်ဖြစ်မှုတွေနဲ့ပက်သက်ပြီး ပါတီရဲ့ခေါင်းဆောင် ဦးခင်ရီက စက်တင်ဘာ ၂၈ ညနေပိုင်းမှာ ၂ မိနစ်စာ ဗီဒီယိုကလစ်နဲ့ ပြောဆိုထုတ်လွှင့်ခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုချက်တွေထဲမှာတော့ နားထောင်ကောင်းယုံသက်သက် ဆောင်ပုဒ်တွေလိုအလွတ်ရွတ်ဖတ်နေရမယ့်အစား တကယ့်ကိုအရွေ့ရှိတဲ့ရလာဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလာဒ်တွေကို အချိန်ကန့်သတ်ချက်၊ Time Frame သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ အဆင်သင့်ရှိနေပြီလို့ ပါ ပါတယ်။

ငါနဲ့မတူငါ့ရန်သူဆိုတဲ့ အတ္တနိုင်ငံ​​ရေး သမားတွေရဲ့အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုပဋိပက္ခတွေကြားမှာ လူသားအားလုံးရဲ့အနာဂတ်တွေ ​မျှော်မှန်းချက်တွေ ကြောက်လှန့်တုန်လှုပ်မှုတွေ စတာတွေဟာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ ​ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီကပြောပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲဒီအခြေအနေတွေအားလုံးကို အဆုံးသတ်ပေးနိုင်တဲ့လုပ်ရပ်လို့ အခိုင်အမာယူဆပါတယ်လို့ သူကဆိုပါတယ်။

တိုင်းပြည်တည်ငြိမ်သာယာဝပြောဖို့ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေလှပစေဖို့ ပြန်လည်တည်ဆောက်ပေးဖို့ ဥိးခင်ရီ အာမခံထားပါတယ်။

အရှုပ်အထွေးတွေ အချိုးအကွေ့တွေနေရာမှာ ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံ ထမ်းဆောင်ခဲ့ရတဲ့ တာဝန်ဝတ်တရတွေရဲ့အတွေ့အကြုံ စဥ်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးချက်တွေအရ ဒီပြသနာတွေကိုကောင်းကောင်းကိုင်တွယ်နိုင်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့စီမံချက်တွေ ကျွန်တော်တို့မှရှိပါတယ်လို့ သူ့ရဲ့ဗီဒီယိုမက်ဆေ့ကနေ တိုင်းပြည်ကိုပြောပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့ ဒီလမ်းစဥ်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ အရည်အချင်းရှိတဲ့လူပုဂ္ဂိုလ်တွေ အပြည့်အဝရှိနေပြီး အဲဒီလူပုဂ္ဂိုလ်တွေကိုကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အထောက်အကူပြုအဖွဲ့တွေကလည်း အခိုင်အမာရှိနေသလို အသင့်လည်းရှိတယ်လို့ သူကပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ဗီဒီယိုမက်ဆေ့နောက်ဆုံးမှာတော့ ဒါတွေအားလုံးအတွက်​ပါတီက ပြင်ဆင်ဆောင်ရွက်မှုတွေ ဆောင်ရွက်ထားရှိပြီဖြစ်တယ်လို့ပဲ သူကပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

၃ စီး ၁၀၀ အစိုးရလို့ ပြည်သူတွေသတ်မှတ်တဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ခံအစိုးရအဖြစ်နဲ့ အရွေ့တစ်ခုကို ဦးဆောင်သွားနိုင်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အတိုက်အခံပါတီအ​ဖြစ် နိုင်ငံရေးယဥ်ကျေးမှုဆိုတဲ့ စကားနဲ့ ထိန်းကြောင်းမောင်းနှင်ခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။

NLD ပါတီဟာ “ပြောင်းလဲဖို့အချိန်တန်ပြီ” ဆိုတဲ့ဆောင်ပုဒ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကိုယ်စားလှယ်အများအပြားနဲ့အနိုင်ရရှိခဲ့ပေမယ့် “အောင်လံခိုင်ဖို့ မဲပေးစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲလိမ်မဲခိုးမှုတွေပြုလုပ်ခဲ့လို့ နိုင်ငံရေးခရီးလမ်းတစ်ခုက ရပ်တန့်သွားခဲ့ပါတယ်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအသုံးပြုခဲ့တဲ့ ဆောင်ပုဒ် (Slogan) ကတော့ အနာဂတ်ဘဝ ပြောင်းလဲတိုးတက်ဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့ “ ဖြစ်ပြီး ၂၀၂၀ ရွေးကော​က်ပွဲကိုတော့ “ပိုမိုတောက်ပတဲ့အနာဂတ်ဆီသို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အရွေ့တစ်ခုကိုဖော်ဆောင်ဖို့ကြိုးစားခဲ့ကြတယ်လို့လည်း သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေဖြစ်ပွားခဲ့တာကြောင့် မဲရလာဒ်တွေပျက်ပြားကာ လွှတ်တော်ရပ်ဆိုင်းခဲ့ရပြီး လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲကနေ လွှတ်တော်တွေပြန်လည်ပေါ်ပေါက်လာမှာဖြစ်ပြီး ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်ကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်နိုင်ဖွယ်ရှိနေတယ်ဆိုပြီး မဲဆန္ဒရှင်တွေအကြား သုံးသပ်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

#PAN