(မှုခင်း) စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)အနီး လွိုင်လင်-တောင်ကြီးသွားကားလမ်း၌ စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်က ငွေကျပ် ၃,၂၈၇ သိန်းကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ အောင်ဇင်ဟိန်း၊ ၃၉ နှစ် မောင်းနှင်ပြီး တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ မအဲနာ၊ ၂၇ နှစ်တို့ လိုက်ပါလာ သော HONDA CRV အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၂ ဒသမ ၄၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁,၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂,၇၃၉ သိန်း)နှင့် ကတ်တမင်း ၆ ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၄၈ ဒသမ ၂၅ သိန်း) တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများဖြစသော အောင်ဇင်ဟိန်း နှင့် မအဲနာတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
#PAN