




(ပြည်တွင်း) စက်တင်ဘာ ၁၉
PDF အကြမ်းဖက်တွေဟာ စက်တင်ဘာ ၁၇ ရက်နေ့က လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာနဲ့ဝေဒီကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာနဲ့ ဝေဒီကျေးရွာတွေအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဝေဒီကျေးရွာနေသူတွေဖြစ်ကြတဲ့ ဦးယူစိန်(၆၆)နှစ်၊ ဒေါ်အိအိဖြိုး(၂၉)နှစ်၊ မောင်ကျော်ဇေယျာထက်(၆)နှစ်၊ မောင်မျိုးကိုစိုး(၆)နှစ်နဲ့ ညင်းမော်ကျေးရွာမှာနေထိုင်တဲ့ ဦးမျိုးသူအောင်(၃၈)နှစ်တို့ ငါးဦးမှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့သူတွေဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။