

(မှုခင်း)စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊ မူးယစ်ကုန်း အနီးတွင် ဆီဘောက်ဆာကားအား ဆိုင်ကယ်မှ ဝင်တိုက်မိရာ ဆိုင်ကယ်စီးလာသူ G-12ကျောင်းသား သေဆုံးသွားကြောင်း သိရသည်။
ယနေ့နံနက် ၈နာရီခွဲအချိန်ခန့်က မူးယစ်ကုန်းအနီးတွင် ယာဥ်မောင်း ကျော်နိုင်လင်းမောင်းနှင်လာသည့် ယာဥ်အမှတ်၊ 4B -5397 ၊ Nissan အမျိုးအစား ဆီဘောင်ဆာယာဥ်သည် ရွှေပြည်သာရပ်ကွက်ဘက်မှ မြရည်ပုလဲလမ်းအတိုင်း အေးရိပ်ငြိမ်ဘက်သို့ မောင်းနှင်လာစဥ် အေးရိပ်ငြိမ်ရပ်ကွက်မှ ရွှေပြည်သာရပ်ကွက်သို့ မောင်းနှင်လာသော မောင်ပြည့်ဦးပိုင်၊ ၁၈ နှစ် (ဘ)ဦးတင့်လွင်ဦး၊ Grade ၁၂၊ ဗန္ဓုလလမ်း၊ရွှေပြည်သာရပ်ကွက်နေသူမောင်းနှင်လာသည့် Click i ဖြူ/နီ ဆိုင်ကယ်သည် အရှိန် မထိန်းနိုင်ဘဲ ဆီဘောင်အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှု့ကြောင့် မောင်ပြည့်ဦးပိုင်သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ကန ဦး သတင်းရရှိသည်။