
သတင်းဆောင်းပါး။ အောင်မောင်း(ရာမညမြေ)
မကြာခင် ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုင်ငံသားတိုင်းကမျှော်လင့်သလို နိုင်ငံတကာကလည်း စိတ်ဝင်စားမှုပြင်းထန်နေပါတယ်။
မြန်မာ့ရွေးကောက်ပွဲကို ရာသီစက်ဝန်း (Electoral Circle) နဲ့ ပုံဖော်ကြည့်ရင် အချိန်ကာလကို ခုလို ပိုင်းခြား သတ်မှတ်ရမှာဖြစ်ပါတယ်။
(က ) ရွေးကောက်ပွဲအကြိုကာလ PRE-ELECTION PERIOD
( ခ ) ရွေးကောက်ပွဲကာလ ELECTION PERIOD
( ဂ ) ရွေးကောက်ပွဲအလွန်ကာလ POST-ELECTION PERIOD
တို့ဖြစ်ပါတယ်။
မကြာခင် ရက်ပိုင်းမှာမဲစာရင်းတွေကြေညာတော့မယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်လို့ အကြမ်းဖက်မှုတွေရှိနေတဲ့ကြားက မဲစာရင်းပြုစုတာ၊မဲဆန္ဒတွေသတ်မှတ်တာ၊ ရွေးကောက်ပွဲကျင်းပမယ့်ရက်တွေသတ်မှတ်နိုင်လုပ်နိုင်ခဲ့လို့ ရာသီစက်ဝန်ရဲ့ ပထမကာလဖြစ်တဲ့ ရွေးကောက်ပွဲအကြိုကာလ ကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။
အခုကာလကတော့ ရာသီစက်ဝန်းရဲ့ ဒုတိယကာလဖြစ်တဲ့ရွေးကောက်ပွဲကာလပါ။
နိုင်ငံရေးပါတီတွေ အရည်အချင်းပြည့်မှီမှုရှိမရှိ သတ်မှတ်မဲဆန္ဒနယ်တွေမှာဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်းအချင်းသတ်ချက်တွေပြည့်မှီမှုရှိမရှိကို တာလွှတ်ဒိုင်က တာမလွှတ်စစ်ဆေးနေတဲ့အချိန်လို့ ပြောရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးပါတီ ၄ ခုဖျက်သိမ်းခံရတာနဲ့ပတ်သက်ပြီး ဆူဆူညံညံဖြစ်ခဲ့ပါတယ်။
ရွေးကောက်ပွဲမသမာမှုတွေနဲ့ ခေါင်းဆောင်တစ်ချို့ထိန်းသိမ်းခံထားရသလို ခေါင်းဆောင်တစ်ချို့နဲ့ ကိုယ်စားလှယ်တစ်ချို့အကြမ်းဖက်မှုတွေလုပ်ဆောင်နေဆဲဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အဖွဲ့ဝင်ဟောင်း ၅၀ နီးပါးဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF၊ မွန်အမျိုးသမီးပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတိီ ဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။
သတ်မှတ်ရုံးခန်းမပြည့်တဲ့ ပါတီတွေနဲ့ သတ်မှတ်ပါတီဝင်ဦးရေမပြည့်တဲ့ ပါတီတွေကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖျက်သိမ်းခဲ့တာလို့ ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာမဲလိမ်မဲခိုးမှုတွေကိုမဖြေရှင်းပဲလွှတ်တော်အတင်းခေါ်ဖို့ကြိုးစားတာကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကိုခေတ္တရယူလိုက်တာကိာအကြောင်းပြုပြီး လက်နက်ကိုင်လမ်းစဥ်ကိုလိုက် အကြမ်းဖက်မှုတွေကိုလုပ်ဆောင်ခဲ့ကြတဲ့ NLD ပါတီဝင်တွေကြောင့် နိုင်ငံရေးလုပ်ငန်းတွေအတွက်အခက်အခဲတွေရှိနေတာကြောင့် ၂၀၂၅ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါအချက်တစ်ချို့ကို လုပ်သာကိုင်သာရှိအောင်ဖြေလျော့ထားခဲ့ပြီးလည်းဖြစ်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းအခြေစိုက်မီဒီယာတွေ ပြည်တွင်းက ပြည်ပမီဒီယာတွေနဲ့ရေကောက်ပွဲကော်မရှင်တို့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက “ဒါက ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဖြစ်ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းချက်ကလည်း လျှော့ပေါ့ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ကျန်တဲ့ပါတီတွေက သူတို့အတွက် မျှတရဲ့လား၊ သူတို့က အင်အားတွေပြည့်ဝပြီး ကြိုးစား ဆောင်ရွက်ထားတဲ့ ပါတီတွေရှိပါတယ်။ ဒါကို ကျနော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်” လိုပြောဆိုခဲ့တာတွေ့ရပါတယ်။
ဒါကိုကြည့်ရင် ရွေးကောက်ပွဲကော်မရှင်က ဥပဒေအတိုင်းလုပ်ဆောင်လာတာကိုတွေ့ရသလို ဒါက အကြပ်အတည်းကိုဖော်ဆောင်တာမဟုတ်ပဲ ဥပဒေအရ ပွင့်လင်းမြင်သာမှုကိုဖော်ဆောင်တယ်ဆိုတာ တွေ့ရမှာပါ။
NLD အစိုးရက ကျင်းပပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်နဲ့ တိုင်းရင်းသားလွှတ်တော်တွေအတွက်အပါအဝင် မဲလက်မှတ်ပေါင်း ၁၃၉.၃ သန်းရိုက်နှိပ်ခဲ့တယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကိုကျင်းပပေးတဲ့ NLD အစိုးရဟာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ၊ ပြည်တွင်းလေ့လာစောင့်ကြည့်သူတွေအပြင် သတင်းမီဒီယာတွေကိုပါ သတင်းယူခွင့်တွေကိုပိတ်ပင်ခဲ့လို့ မဲလက်မှတ်ဘယ်လောက်ရိုက်နှိပ်ခဲ့တယ်ဆိုတာကို ဘယ်သူကမှမသိခဲ့ပါဘူး။
NLD အစိုးရပြုလုပ်ပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့မဲမသမာတွေကိုပြန်ပြီးသုံးသပ်လိုက်တဲ့အခါမှာ လိုတာထက်ပိုပြီး မဲလက်မှတ်တွေ ရိုက်နှိပ်ခဲ့တာတွေရှိခဲ့သလိုရပ်ကွက်ကျေးရွာအုပ်စုတွေမှာ ကြိုတင်မဲတွေကို ဥပဒေနဲ့မညီညွတ်တဲ့မဲပေးတဲ့ပုံစံတွေနဲ့မဲပေးဆောင်ရွက်လိုက်တာကြောင့် မဲမသမာမှုများစွာဖြစ်ခဲ့ရတာဖြစ်ပါတယ်။
ဒါက ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲလို့ဆိုရမှာပါ။
၂၀၂၅ ရွေးကောက်ပွဲကိုကျင်းပပေးမယ့် ကာလုံဟာ ရွေးကော်ပွဲမသမာမှုတွေကြောင့်ဖြစ်လာတဲ့အစိုးရတစ်ရပ်ဖြစ်တာကြောင့် သူကျင်းပတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု လွတ်လပ်မှုတွေနဲ့ဝေးအောင် တွန်းပို့နိုင်စွမ်း သူ့မှာ အလျင်းမရှိဘူးလို့ပြောရမှာပါ။
ဒါကြောင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့အထိ နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ပြည်တွင်းကရွေးကောက်ပွဲစောင့်ကြည့်သူတွေကို စာရင်းပေးကြဖို့ဖိတ်ခေါ်ထားသလို သီးခြားဖိတ်ခေါ်စောင့်ကြည့်မှုတွေပြုလုပ်ဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒါက ပွင့်လင်းမြင်သာမှုရဲ့ အရိပ်အယောင်တွေဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ရာသီစက်ဝန်းတစ်ခုပြီးတိုင်း ပြီးတိုင်း လွတ်လပ်မှု ပွင့်လင်းမြင်သာမှုတွေကိုတွေ့ရရင် ဥပဒေစံချိန်စံညွှန်တွေကို ဖောက်ဖျက်တာတွေမရှိရင် တရားမျှတမှုရှိတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ထွက်ပေါက် ပြည်သူတစ်ရပ်လုံးရဲ့ထွက်ပေါက်ဖြစ်တဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ ရာသီဒုတိယစက်ဝန်းအထိဟာ ပွင့်လင်းမြင်သာမှုဆိုတာကို တွေ့ရှိနေပြီဖြစ်တယ်လို့ ရေးသားလိုက်ရပါတယ်။