လသာမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျ

(မှုခင်း)စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်၂နာရီဝန်းကျင်အချိန်ခန့်က မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျရာမှ အောက်ရှိ ဂမုန်းပွင့်အဆောက်အဦပေါ်တီကိုအမိုးပေါ်သို့တင်နေကြောင်း သတင်းရ၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေယာဉ် (၁)စီး ထွက်ခွာခဲ့ပြီး
နံနက်၂နာရီခွဲအချိန်တွင် အဆိုပါအမျိုးသားအား ကယ်ဆယ်နိုင်ခဲ့သည်။

ထို့နောက် တိုက်ပေါ်မှ ပြုတ်ကျအမျိုးသားအား လသာမြို့နယ်(၂)ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။