(မှုခင်း) စက်တင်ဘာ ၁၆
မွန်ပြည်နယ် ရေးမြို့နယ် နှီးနှူးကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဓမင်းဆိပ်ကျေးရွာက ဒေသခံတစ်ဦးကို KNUနဲ့ PDF အကြမ်းဖက်တွေက ဒလန်ဆိုပြီးခေါင်းစဥ်တပ်ကာ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှီးနှူးကျေးရွာနေ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် (၆၃)နှစ်ဟာ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က နေအိမ်မှာ ရှိနေစဉ် ကရင်လက်နက်ကိုင် KNU နဲ့ PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်သတ်ဖြတ်သွားခဲ့တာကြောင့် ဦးအောင်ရှိန်မှာ ကျည်ထိမှန် ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲ့ဒီနေ့ ည ၇ နာရီခန့်က ရေးမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာမှာနေထိုင်တဲ့ ဦးသောင်းစိန် (၆၀)နှစ်ဟာ နေအိမ်အနောက်ဘက်မှာ ရှိနေစဉ် KNU PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမား တစ်ဦး ရောက်ရှိလာပြီး “ဒလန်” လို့ ပြောဆိုကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။
#PAN