PDF ထောင်တဲ့မိုင်းကြောင့် ရေဘုတ်ကြီးရွာသား အပြင်းအထန်ဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၁၆

ယာခင်းကိုသွားတဲ့ ​မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေဘုတ်ကြီးကျေးရွာက ဒေသခံတစ်ဦးဟာ PDF ထောင်ထားတဲ့မိုင်းကိုနင်းမိတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီး ကျေးရွာနေ ဦးသန်းဌေးအောင်(၃၃)နှစ်ဟာ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲက သူရဲ့နေအိမ်ကနေ ကျေးရွာတောင်ဘက် ငါးဖာလုံခန့်အကွာမှာရှိတဲ့ ယာခင်းကို သွားရောက်စဉ် ယာခင်းအနီးအရောက်မှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ နင်းမိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲမှုကြောင့် ဦးသန်းဌေးအောင်ရဲ့ ဝဲဘက်ခြေချင်းဝတ်အောက်ပြတ်ထွက် ဒဏ်ရာ၊ ယာဘက်ဖနောင့်ပြတ်ရှ ဒဏ်ရာနဲ့ ယာဘက်ပေါင်ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဒဏ်ရာရရှိတဲ့ ​ရေပုတ်ကြီးကျေးရွာသား ဦးသန်းဌေးအောင်ဟာ ပွင့်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေခံယူနေတယ်လို့ သိရပါတယ်။

#PAN