နောင်လင်ကစာသင်ကျောင်း​မြက်ရှင်းတဲ့ဒေသခံ TNLA ထောင်ခဲ့တဲ့မိုင်းကြောင့် ဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာကဒေသခံတစ်ဦးဟာ ကျေးရွာရဲ့ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း မြက်ရှင်းလင်းနေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ မိုင်း တစ်လုံးကို နင်းမိခဲ့တယ်လို့ သိရပါတယ်။

TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ မိုင်းကို နောင်လင်ကျေးရွာကဒေသခံ ဦးဇော်ထွေးဦး(၄၆)နှစ်က နင်းမိခဲ့တာဖြစ်ပြီး မိုင်းပေါက်ကွဲခဲ့တာကြောင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေရရှိထားတဲ့ ဦးဇော်ထွေးဦးဟာ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာမှာနေထိုင်တဲ့ ဦးကျော်ရဲအောင်(၃၄)နှစ်ဟာ သူ့ရဲ့နေအိမ်တောင်ဘက်က ပြောင်းစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့လို့ည မိုင်းစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းထိမှန်ဒဏ်ရာရရှိသူဟာလည်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။