(နိုင်ငံတကာ)စက်တင်ဘာ ၁၃
တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့ဟာ ခရီးသွားလုပ်ငန်းအတွက် နယ်ပယ်ပေါင်းစုံအားကောင်းတဲ့ ကမ္ဘာ့ ထိပ်တန်းမြို့ကြီးများ စာရင်းတွင် ပါဝင်ခဲ့တယ်လို့ ဆင်ဟွာသတင်းတစ်ရပ်ကဖော်ပြပါတယ်။

၂၀၂၄ -၂၀၂၅ ခုနှစ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းမြို့ကြီးများဖွံ့ဖြိုးတိုးတက်ရေး (WTCF) အဖွဲ့ရဲ့ အစီရင်ခံစာအရ ပေကျင်းမြို့သည် ကမ္ဘာ့မြို့ကြီးများအနက် ကမ္ဘာ့အဆင့် ၇ ၌ ရပ်တည်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအစီရင်ခံစာအရ နယူးယောက်၊ တိုကျိုနဲ့ ပဲရစ်မြို့တွေက ကမ္ဘာ့ထိပ်တန်းခရီးသွားမြို့ကြီးတွေရဲ့ ထိပ်ဆုံး ၃ နိုင်ငံစာရင်းမှာ ရပ်တည်နေပြီး ရှန်ဟိုင်းမြို့က အဆင့် ၉၊ ဟောင်ကောင်မြို့က အဆင့် ၁၁ နေရာတွေမှာ ရပ်တည်နေတာဖြစ်တယ်လို့ သိရပါတယ်။
အစီရင်ခံစာညွှန်းကိန်းအရ ယဥ်ကျေးမှုပိုင်းဆိုင်ရာဆွဲဆောင်နိုင်မှု၊ နေ ထိုင်နိုင်ဖွယ်နေရာဖြစ်မှု၊ ဘေးကင်းလုံခြုံမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံ အဆောက်အအုံတွေနဲ့ အသုံးချနိုင်မှု၊ စမတ်ကျတဲ့ ခရီးသွားလုပ်ငန်းနဲ့ ရေရှည်တည်တံ့မှုတွေ အပါအဝင် အချက် ၁၀ ချက်အပေါ်အခြေခံကာ အကဲဖြတ်ထုတ်ပြန်ခဲ့တာဖစြ်တယ်လို့ သိရပါတယ်။
#PAN