(နိုင်ငံတကာ) စက်တင်ဘာ ၁၃
ဟားမတ်စ်ကိုချန်ထားပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့သာပါဝင်တဲ့ ပါလက်စတိုင်းနိုင်ငံတစ်ခုတည်ထောင်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၁၂ ရက်က မဲခွဲဆုံးဖြတ်တယ်လို့ သိရပါတယ်။

အဲ့ဒီမဲခွဲဆုံးဖြတ်မှုမှာတော့ ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက် ၁၀ မဲနဲ့ ကြားနေ ၁၂ မဲ တို့ရရှိတယ်လို့ သိရပြီး ဟားမတ်စ်ကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့သလို လက်နက်ချဖို့ကိုလည်း တောင်းဆိုထားးကြတယ်လို့ သိရပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ကတော့ ကန့်ကွက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို ကုလသမဂ္ဂက ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အစ္စရေးက နှစ်နှစ်နီးပါး ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်သမ္မတ မစ္စတာမက်ခရွန်အပြင် အခြားခေါင်းဆောင်အများအပြားဟာ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးအတွင်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အခုလိုလုပ်ဆောင်တာဟာ ဂါဇာမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့ အစ္စရေးကို ဖိအားတွေ တိုးမြင့်လာစေတဲ့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြပြီး၊ ဒီတိုက်ခိုက်မှုတွေကို ဟားမတ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ မှာအစပြုခဲ့တာဖြစ်တယ်လို့ အစ္စရေးကပြောပါတယ်။
#PAN