ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိတွင် စျေးကားနှင့် ဘောက်စ် ကားတိုက်မိပြီး ၁ဦး ‌သေဆုံးကာ ၁၁ ဦးဒဏ်ရာရ

‎‎(မှု့ခင်း)စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ နဝဒေးမီးပွိုင့်တွင် စျေးကားနှင့် ဘောက်စ် ကားတိုက်မိရာ ယာဥ်မောင်ဖြစ်သူ သေဆုံးပြီး ခရီးသည် ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ နဝဒေးမီးပွိုင့်တွင် စျေးကားနှင့် ဘောက်စ် ကားတိုက်မိရာ စျေးကားမှာ တိမ်းမှောက်သွားခဲ့ပြီး ယာဥ်မောင်း ၁ဦး ‌သေဆုံးကာ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
‎
‎အဆိုပါ ယာဥ်တိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းများက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

PAN