
(ပြည်တွင်း) စက်တင်ဘာ ၁၁
ကြိုတင်မဲကို မဲလက်မှတ်နဲ့ အမှန်ခြစ်ကာ ဆန္ဒမဲပေးရမယ်လို့ UEC ကပြောဆိုလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလမှာ မဲစာရင်းတွေကို စတင်ကပ်ထားမှာဖြစ်ပြီး မဲစာရင်းလာကြည့်ဖို့၊ မဲစာရင်းမှာမပါရင် ပြန်လျှောက်ထားဖို့နဲ့ မသမာမှုတွေပါရင် ကန့်ကွက်ကြဖို့ကိုလည်း ပြောဆိုလိုက်ပါတယ်။