တန်ဟက်ဂ် နေရာကို ဒိန်းမတ်လူမျိုးနည်းပြ ဟူဝီလန်းနဲ့ အစားထိုးခဲ့တဲ့ လေဗာကူဆင်အသင်း

(အားကစား) စက်တင်ဘာ ၉

လေဗာကူဆင်အသင်းဟာ တန်ဟက်ဂ် ကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် အသင်းနည်းပြနေရာကို ဒိန်းမတ် လူမျိုးနည်းပြ ဟူဝီလန်း နဲ့ အစားထိုးခဲ့ပါတယ်။

တန်ဟက်ဂ် ဟာ ပြီးခဲ့တဲ့အပတ်က ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် အမြန်ဆုံးထုတ်ပယ်ခံရမှုအဖြစ် ရာသီအဖွင့်နှစ်ပွဲအပြီးမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟူဝီလန်း ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ကူညီခဲ့ပြီး အင်္ဂလန်အသင်းကို အချိန်ပိုမှာ အရေးနိမ့် ခဲ့ရပါတယ်။

လေဗာကူဆင်အားကစားဒါရိုက်တာ ရောလ်ဖတ်စ် က တန်ဟက်ဂ်ကို ခန့်အပ်တာဟာ အမှားတစ်ခု ကျူးလွန်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ အခု ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ အဆင့် ၁၂ နေရာ ရောက်နေပြီး နှစ်ပွဲကစား တစ်မှတ်သာ ရရှိထားပါတယ်။