ဇေယျာသီရိမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

(မှုခင်း)စက်တင်ဘာ ၉

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်ရှိ နေအိမ်တွင် စက်တင်ဘာ ၇ရက် ည ၁၁နာရီအချိန်က လူတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ဦးလှိုင်၊ (၅၇)နှစ်၊ (ဘ)ဦးကြီးညို၊ ပြည်စံအောင်ရပ်ကွက်၊ ဇေယျာသီရိမြို့နယ်နေသူသည် ၎င်းနေအိမ်အောက်ထပ်သစ်သားတန်းအား ပလတ်စသစ်(၃)ပင်လိမ် ကြိုးဖြင့် လည်ပင်းစွပ်လျှက် အမြင့်(၅)ပေကျော်ခန့်မှ ဒူးတုတ်ထိုင်ချပြီး လည်ပင်းကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါကြိုးဆွဲချသေဆုံးသူ ဦးလှိုင်၏ဇနီး ဒေါ်ဝင်းမြင့်တို့အား မေးမြန်းရာ ၎င်း၏ခင်ပွန်း ဦးလှိုင်သည် သား(၁)ဦး မင်္ဂလာဆောင်စဉ်က အကြွေးကိစ္စစိတ်ညစ်မှုရှိ၍ ပြုလုပ်သည့်ဟုထင်ကြောင်း ပြောပြသိရှိခဲ့ရပြီးနောက် သေဆုံးသူ ဦးလှိုင်၏ ရုပ်အလောင်းအား လူမှုဂရုဏာရှင်ကူညီရေး အသင်းမှ လူနာတင်ယာဉ် နေပြည်တော်(ခုတင်-၃၀၀ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။