(အားကစား) သြဂုတ် ၂၂
လီဗာပူးလ်အသင်း နောက်ခံကစားသမား ဖရင်ပေါင် ဟာ တံကောက်ကြောဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

ဖရင်ပေါင် အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဖရင်ပေါင် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရလို့ လီဗာပူးလ်အသင်း ခံစစ်ပိုင်းတွင် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖရင်ပေါင် ဟာ လီဗာပူးလ်အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီတွင် ပွဲစဉ်နှစ်ပွဲ ကစားအပြီး တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြထားတာဖြစ်ပါတယ်။
#PAN