(မှု့ခင်) သြဂုတ် ၁၅

မိုင်းဖြတ်မြို့တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄ သိန်းနီးပါး ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့နံနက် ၁၁ နာရီခွဲအချိန်က မိုင်းဖြတ်မြို့၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဘူရှီးကျေးရွာမှ မိုင်းခုတ်ကျေးရွာသွားလမ်းကြောင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ကင်းပုန်းဝပ်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဘူးဖာကျေးရွာဘက်မှ ဆိုင်ကယ်စီးနင်းလာသော အမျိုးသား ၄ ဦးနှင့်အတူ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄ သိန်းပြား၊ ကာလတန်ဖိုး ဆေးပြားတစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ၇၀၀၀ သိန်းကျပ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။