(ပြည်တွင်း) သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၆)ရပ်ကွက်မှာ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံအသစ် တည်ဆောက်နေကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံအသစ် တည်ဆောက် ကာ ထရမ်စဖော်မာများ ဝန်အားတိုးမြှင့်နိုင်ရန် လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဆိုပါ ဓာတ်အားခွဲရုံအသစ်တည်ဆောက်နေမှုကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လေးနာရီလာ လေးနာရီပျက်စနစ်နဲ့ အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်….
Webpage>>…
https://positiveanglenews.com/2025/08/12/သံရုံးလေးခုနှင့်ပူးပေါ/
VK Link>>…
https://vk.com/wall-220066330_12989
Telegram»…
https://t.me/positiveanglenews