(မှုခင်း) သြဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့တွင် အထောက်ထားမဲ့ တရုတ်နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီအချိန်ခန့်က မိုင်းဖြတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားလီးကျေးရွာရှိ အမည်မရှိကုန်စုံဆိုင်တွင် တရုတ်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မြန်မာနိုင်ငံအတွင်းသို့ အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ဝင်ရောက်နေသော တရုတ်နိုင်ငံသား ၅ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၅ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။