ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာတွေနဲ့ တရားမဝင်စီးပွားရေး ကြော်ငြာတွေ မရိုက်ကူဖို့ ရုပ်ရှင်အစည်းအရုံးအသိပေး

(ပြည်တွင်း) ဩဂုတ် ၈

ဥပဒေနဲ့မညီတဲ့ လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို အချို့ရုပ်ရှင်လောကသားတွေက သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ရိုက်ကူးနေကြတာကို လူမှုကွန်ယက်တွေမှာ တွေ့ရှိနေရတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

အဲဒီလို ရိုက်ကူးနေတာတွေဟာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် အရေးယူခံရနိုင်တဲ့အတွက် လုံးဝရိုက်ကူးခြင်းမပြုကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒီနေ့ ဩဂုတ်လ (၈)ရက်နေ့မှာ အသိပေး၊ သတိပေး မေတ္တာရပ်ခံအပ်ထားကြောင်း သိရသည်။