ဘေးတွဲဘီးဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦး ဓားနဲ့ထိုးခံရ

(မှုခင်း) ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကုလားတန်းကျေးရွာမှာနေထိုင်တဲ့အမျိုးသား ၂ ဦးဟာ ဘေးတွဲဆိုင်ကယ်စီးလာစဉ် ဓားနဲ့ထိုးခံရမှု သြဂုတ်လ ၅ ရက်နေ့ ည ၇ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်တန်းမြို့နယ် ကုလားတန်းကျေးရွာမှာနေထိုင်တဲ့ ချစ်သန်းထွေး၊ (၂ဝ)နှစ်နဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ ကျော်မင်းလတ်တို့ဟာ အတူကုလားတန်းကျေးရွာကနေ တော်ကလုတ်ကျေးရွာဘက်သို့ ဘေးတွဲဆိုင်ကယ်နဲ့ ထွက်လာခဲ့ရာ ကုလားတန်းကျေးရွာ ရွာအဝင်ဆိုင်းဘုတ်အရောက်မှာ တစ်ရွာတည်းနေထိုင်တဲ့ ဇော်ပိုင် (၂ဝ)နှစ်နဲ့ အာဗြဲ(၂၁)နှစ်တို့က ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ရွာတည်းနေထိုင်သူ အဆိုပါအမျိုးသား ၂ ဦးဟာ “ငါလိုးမသား စောက်ပေါတွေ မင်းတို့တွေကို လုပ်ချင်နေတာကြာပြီ” ဟု ဆဲဆို၍၎င်းတို့တွင်အသင့်ပါလာသောဓားဖြင့်ထိုးခဲ့ကြတာလို့လည်း ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဓားနဲ့ထိုးခံရတာကြောင့် ချစ်သန်းထွေးရဲ့ယာဘက်ရင်အုံပြတ်ရှဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ရင်အုံပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာဘက်တံတောင်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖျံပွန်းပဲ့ဒဏ်ရာ (၁) ချက် ဒဏ်ရာများရရှိပြီး ကမာကလုတ်တိုက်နယ်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရပြီး ကျော်မင်းလတ်မှာလည်း ဝဲမျက်လုံးဖူးရောင်ဒဏ်ရာ(၁)ချက်၊ ယာတံတောင်ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ဝဲပါးဖူးရောင်ဒဏ်ရာ(၁)ချက်)ဒဏ်ရာတွေရ၇ှိခဲ့တာကြောင့် ကမာကလုတ်တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာ(မစိုးရိမ်ရ)နဲ့ တက်ရောက် ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ချစ်သန်းထွေးနဲ့ကျော်မင်းလတ်တို့ နှစ်ဦးကို “ငါလိုးမသား စောက်ပေါတွေ မင်းတို့တွေကို လုပ်ချင်နေတာကြာပြီဟု”ဆဲဆိုပြီးလက်သီးနဲ့ထိုး၊ ဓါးနဲ့ပါထိုးခဲ့ကြသူတွေဖြစ်ကြတဲ့ ဇော်ပိုင်နဲ့အာဗြဲတို့(၂)ဦးကို ကမာကလုပ်နယ်မြေရဲစခန်းက (ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ – ၂၉၄၊ ၃၂၃၊၃၂၆နဲ့ အမှုဖွင့်အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။