ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်တွင် အထောက်အထားမဲ့လက်နက်အများအပြားနဲ့ ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိဟုဆို

(နိုင်ငံတကာ) သြဂုတ် ၇

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်တွင် ပုဂ္ဂလိကကုန်လှောင်ရုံတစ်ခုအတွင်းမှ အကြမ်းဖက်အဖွဲ့တွေထံ ရောင်းချမည့် ဒရုန်းများ၊ Jammers လှိုင်းဖြတ်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများတွေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် စမွတ်ပရာကန်ပြည်နယ်ရဲတပ်ဖွဲ့တို့က စမွတ်ပရ်ကါန် ခရိုင်ထဲက ဂိုဒေါင်တစ်ခုမှာ  Anti-drone လက်နက် အများအပြား အလက် ၂၀၀ ကျော် နဲ့ ထိမ်းချုပ်တဲ့ Mobile car တစ်စီးကိုတွေ့ရှိဖမ်းဆီးထားပြီး၊ ဘယ်မှာသုံးကြပြီး ၊ ဘယ်တွေကိုပိုဖို့၊ ဘယ်သူတွေအတွက်တွေဆိုတာ မသိသေးပါဘူး။ စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သတင်းတွေမှဖေါ်ပြထားပါတယ်။

သတင်းဆက်စပ်မှုအရ ဒရုန်း၊ ဂျမ်မား များ ထုတ်လုပ်နေသော စက်ရုံကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ မှာ စင်ကာပူ၊ တရုတ် နှင့် ထိုင်း ပူးတွဲ တည်ထောင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး မည်သည့် အထောက်အထား စာရွက်စာတန်းခွင့်ပြုချက်မှမရှိသည့် တရားမဝင်စက်ရုံဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်ပစ္စည်းများတွင် ဒရုန်း ၂၉ စီး ၊ (Signal Jammer Gun)၁၂၉ လက် ၊ ဆစ်ကနယ် လှိုင်းဖမ်းစက် အိပ် ၃၈ လုံး၊ လှိုင်း ဖျက်စက် ၁၆ လုံး၊ နှင့် mobile ကား ပါရှိကြောင်း သတင်းတွေမှာဖော်ပြထား ပါတယ်။

#PAN