တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ခဲသတ္တုများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် ယာဉ်များ သိမ်းဆည်းရမိ


(မှုခင်း) ဇူလိုင် ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရိုင်တိုင်ကျေးရွာရှိ မြို့ ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ခဲသတ္တု ၁ ဒသမ ၇၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၂၀၀၀၀၀)နှင့် အဆိုပါခဲသတ္တုများ တင်ဆောင်လာသည့် Forland Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ် ဘရီးကျွန်းအနီး၌ တရားမဝင်ငါးဖမ်းရာတွင်အသုံးပြုသည့် သစ်သားကိုယ် ထည်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် ကြိမ်နီတောင်ကျေးရွာ၌ တရားမဝင် မီးသွေး ၇ ဒသမ ၁၄၆ တန် (ခန့်မှန်း တန်ဖိုးငွေ ၃၅၇၃၃ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၆၄၂၃၅၇၃၃ ကျပ်ကို သိမ်းဆည်း အရေးယူ ဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

ထို့ပြင် ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တိုတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် လွင်မိုးတိုက် ပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး၊ စားသောက် ကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၃၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိကြေင်း သိရသည်။

ထို့အတူ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တိုတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ မီးနင်းချောင်းဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၃၂၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တိုအတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၅၇၂ တန်၊ သစ်မာသုည ဒသမ ၈၈၂ တန်၊ အခြားသစ် ၆ ဒသမ ၁၄၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၂၄၁၆၈၇ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ၉၃၆၇၃၆၈၇ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

အလားတူ ဇူလိုင် ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့ မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၆၄၀၄၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉၆၄၀၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအနီး မယ်ယန်း-စံဖူးလမ်းဘေးတစ်နေရာ၌ စုပုံထားသောအကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၂၅၀၀၀)ကိုလည်း ကောင်း၊ တာချီလိတ်မြို့နယ် မလိပါကောရွာအနီး ဝှေလေလန်-မလိပါကော-မိုင်းကိုး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၆၀၀၀၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ရွာအနီး တာချီလိတ်-ကျိုင်းတုံ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၈၅၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၀၇၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

ထို့အတူ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၈၃၄၉၅၀)ကိုလည်းကောင်း၊ အေးရှားဝေါလ် ဆိပ်ကမ်း၌ ကုန်သေတ္တာ ၃၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၇၅၈၈၉၆၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၂၀၀၀)ကိုလည်းကောင်း၊ ဝေါမြို့အဗျားဘိုတဲ ကျေးရွာ အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၁၀၃၉၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Truck တစ်စီး၊ Nidi Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂၀၃၉၈၁၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

အလားတူ ဇူလိုင် ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သိမ်းဆည်းရမိမှုစာရင်းများအရ လိုင်စင်မဲ့ယာဉ် ၁၀ စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၃၅ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တိုတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၈၃၀၃၂၇၀)ကို ဖမ်းဆီး ရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှု ကဏ္ဍ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွား ရေးကဏ္ဍ အပေါ်များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN