နေပြည် တော်၊ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၉/၁ ကျောက်တင် မော်တော်ယာဥ် တစ်စီး နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးထိုးကျတိမ်းမှောက်

ဇူလိုင် ၈

      ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်  ရန်ကုန် – မန္တလေးလမ်းဟောင်း၊နေပြည် တော်၊ဇေယျာသီရိမြို့နယ်၊ရင်ကွဲပင်ကျေးရွာ၊ မိုင်တိုင်အမှတ် ၂၃၉/၁ အရောက်တွင် မန္တလေးဖက်မှ ရန်ဖက်သို့ ယာဥ်​မောင်း လွမ်းချစ်ကို(ဘ)ဦးသန်းထွန်း၊ ၂၉နှစ်၊ ၉/ဇယသ(နိုင်) ၀၁၂၂၆၈၊သာယာစုကျေးရွာ၊ရေဆင်းအုပ်စုနေသူမောင်းနှင်ပြီးယာဥ်နောက်လိုက် အောင်ဟိန်း(ဘ) ဦးကျော်လွင်၊ ၂၃နှစ်၊၉/မထလ(နိုင်)၃၆၄၅၅၈၊အောင်ဇေယျရပ်ကွက်၊ရေဆင်းအုပ်စုနေသူလိုက်ပါလာသော ကျောက်များသယ်ဆောင်လာသည့် ယာဥ်အမှတ် MPW-3  1M/8327 အ​ဖြူရောင်​​ FAW အမျိုးအစားယာဥ်မှာ မိုင်တိုင်အမှတ် ၂၃၉/၁ အရောက်တွင် နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ရာ လူထိခိုက်မှုမရှိကြောင်းနှင့် ဖြစ်စဥ်အား ဆက် လက်အရေးယူနိုင်ရန် ယာဥ်မှုစစ်ရုံးမှ လာရောက်စစ်​ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။