(ပြည်တွင်း) ဇူလိုင် ၁၉

KNLA၊ PDF အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသောလမ်း၊ တံတားများအားမိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းစသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၈ ရက်နေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့၏အနောက်မြောက်ဘက် မီတာ ၇၃၀၀ ခန့်အကွာ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင် အမှတ်၊ (၁၂၀/၆) နှင့် (၁၂၀/၇)ကြား လမ်း၏ ညာဘက်ခြမ်း ချုံပုတ်အတွင်း၌ KNLA၊ PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့က ဆင်ခြင်တုံတရားကင်းမဲ့စွာထောင်ထားသည့်ဒေသန္တရ လက်လုပ် မိုင်း ၇ လုံးနှင့် ရှေ့ထွက်မိုင်း ၂ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများ ပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ အနေဖြင့်ယခုကဲ့သို့ ပြည်သူများထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင် လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews