ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား OWIC ပြုလုပ်ခွင့်ပြု


(ပြည်တွင်း) ဇူလိုင် ၇

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ် ကိုင်မည့် မြန်မာနိုင်ငံသူ ၆ ဦးအား OWIC ပြုလုပ်ခွင့်ပြုကြောင်း အသိပေးခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများဖြစ်တဲ့ Myanmar Unity Co.,Ltd နှင့် Myanmar United SK Co.,Ltd တို့မှတစ်ဆင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၂ ခုမှာ အလုပ်လုပ်ကိုင်မည့် မြန်မာအမျိုးသမီး ၆ ဦးကို ဇူလိုင်လ ၇ ရက်မှာ စတင်တက်ရောက်ရမည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

OWIC ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်ကို ထွက်ခွာလိုတဲ့ ရက်သတ္တတစ်ပတ်အတွင်း ဖော်ပြ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ dolmigrationjapan@gmail.com သို့ ပြန်လည်တင်ပြရမှာ ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN