ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲ နဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားတာကြောင့် BRICS ကို အွန်လိုင်းက တက်ရောက် တယ်လို့ ရိုက်တာဖော်ပြ


(နိုင်ငံတကာ) ဇူလိုင် ၇

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာကျင်းပတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အွန်လိုင်းက တက်ရောက်ခဲ့တာဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားတာကြောင့်လို့ ရိုက်တာဖော်ပြပါတယ်။

အဲ့ဒီအစည်းအဝေးကိုတော့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ တောင်အာဖရိကသမ္မတ စီရေးလ် ရာမာဖထိုဆာ အပြင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

BRICS အဖွဲ့ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်စတဲ့ ခေါင်းဆောင်တွေနဲ့ ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးအဲ့ဒီနောက်ပိုင်း တောင်အာဖရိကကို ထည့်သွင်းခဲ့သလို ပြီးခဲ့တဲ့နှစ်မှာ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျကတော့ တရားဝင်ပူးပေါင်းမှုကို ရပ်ဆိုင်းထားပေမယ့် ကမ္ဘာ့နိုင်ငံ ၃၀ ဟာ BRICS မှာ အဖွဲ့ဝင် ဒါမှမဟုတ် မိတ်ဖက်တွေအဖြစ် ပါဝင်ဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒီနှစ်ပြုလုပ်တဲ့ BRICS အစည်းအဝေးမှာ အမေရိကန်ဆန့်ကျင်ရေးမူဝါဒတွေနဲ့ ကိုက်ညီတဲ့ မည်သည့်နိုင်ငံကိုမဆို အမေရိကန်က နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်သွားမယ့်ကိစ္စတွေ၊ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေကြားမှာ BRICS က နိုင်ငံစုံသံခင်းတမန်ခင်းအတွက် ဆိပ်ခံအဖြစ်ဆောင်ရွက်မယ့်ကိစ္စတွေ တွေဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးရဲ့ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာတော့ အီရန်ရဲ့ အရပ်သားအခြေခံအဆောက်အအုံနဲ့ ငြိမ်းချမ်းတဲ့နျူကလီးယားအဆောက်အအုံတွေကို အမေရိကန်က တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေအတွက် အလွန်စိုးရိမ်တယ်လို့ BRICS ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြားခဲ့ပြီး အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ပူးတွဲကြေညာချက်တစ်ခုကိုလည်း ရှုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

ဉာဏ်ရည်တုဆိုင်ရာဆွေးနွေးမှုအပြီး သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ ခေါင်းဆောင်တွေဟာ ဒေတာအလွန်အကျွံစုဆောင်းတာကို ရှောင်ရှားဖို့နဲ့ တရားမျှတတဲ့ငွေပေးချေမှုဆိုင်ရာ ယန္တရားတွေကို ခွင့်ပြုဖို့ AI ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းက ကာကွယ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN