(မှုခင်း) ဇွန် ၃၀
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်လင် – တောင်ကြီးသွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန်လ၂၈ရက်နေ့ မွန်းတည့်၁၂နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်လင် – တောင်ကြီးသွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ခွန်မောင်ကံ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူ ခွန်မောင်ကံ(၂၉)နှစ်အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
#PAN