ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်


(ပြည်တွင်း) ဇွန်လ ၂၄

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်ထားပါတယ်။ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရား နှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ ၁,၇၈၁ ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ ၄,၉၉၈ ခု၊ စုစုပေါင်း ၆,၇၇၉ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကို ဖြစ်စေ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုူးဆော်ထားပါတယ်။

စေတီ၊ ဘုရားများပြုပြင်ရန် လှူဒါန်းလိုပါက နေပြည်တော်တွင် ဦးထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်သာသနာရေးမှူးရုံး၊ ဖုန်း- ၀၆၇ ၃၅၅၀၁၈၃၊ ၀၉၄၂၀၇၀၁၄၆၉ နှင့် ဒေါ်နီလာအေး၊ ဒုတိယညွှန်ကြားရေး မှူး၊ ဖုန်း–၀၉၄၂၀၇၁၄၇၆၀ တို့သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးဖြိုးဇော်ဇော်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း-၀၉၄၂၁၂၂၂၂၅၁ နှင့် ဒေါ်မျိုးပပကျော်၊ လက်ထောက်ညွှန်ကြားရေး မှူး၊ ဖုန်း-၀၉၄၂၀၇၀၀၇၉၀ တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်ဦး၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၂၀၃၈၅၆၃နှင့် ဒေါက်တာဝတ်ရည်ဝင်းသန့်၊ ဒုတိယညွှန်ကြားရေး မှူး၊ ဖုန်း-၀၉၅၁၉၄၀၈၂ တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးလှမင်းနိုင်၊ လက်ထောက်ညွှန်ကြားရေး မှူး၊ ဖုန်း- ၀၉၄၀၂၆၁၀၁၃၄၊ ၀၉၆၆၄၆၉၀၆၇၅ နှင့် ဦးဖြိုးနောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသ ကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၄၂၀၇၂၆၄၉၀၊ ၀၉၇၈၈၉၁၁၂၁၁ တို့သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဦးစိုးမိုးကျော်၊ ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း–၀၉၂၅၉၂၀၉၄၄၈ နှင့် ဦးထွန်းထွန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း–၀၉၄၃၀၁၉၁၆၈ တို့သို့ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ဦးသိန်းဌေး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် သာသနာရေးမှူးရုံး၊ ဖုန်း–၀၉၄၂၀၇၃၀၈၃၉ နှင့် ဒေါ်ခက်ခက်လှ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း–၀၉၄၃၀၄၁၃၀၇ တို့သို့ လည်းကောင်းဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN