ဘီးလင်းမြို့နယ်၊ရွှေရောင်ပြကျေးရွာရှိ အမတ (၃၁၄)ကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့် PD(စိစစ်ဆဲ)အဖွဲ့က Drop Bomb ပစ်ချတိုက်ခိုက်

ဇူလိုင် ၇

      ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊ ဘီးလင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာရှိ ရွှေရောင်ပြကျေးရွအုပ်စု၊ ရွှေရောင်ပြကျေးရွာရှိ အမတ(၃၁၄)ကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့် PD(စိစစ်ဆဲ)အဖွဲ့က Drone ယာဉ်လွှင့်ပြီး Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ အမတ(၃၁၄)၏ တပ်ဝင်းအတွင်းရှိ ဗဟိုကင်းရှေ့ကိုက် ၅၀ခန့်အကွာ စစ်ရေးပြကွင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဗဟိုကင်းတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရပါသည်။

       အဆိုပါ Drone ယာဉ်သည် ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာဘက်မှ လာရောက်ခဲ့ပြီး ဗုံးပစ်ချပြီးနောက် ၎င်းကျေးရွာဘက်သို့ ပြန်လည်ဆင်းသက်သွားကြောင်း သတင်းရရှိပါသည်။

#PAN