(မှုခင်း) ဇွန် ၁၀
ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းရွာက ဆန်ဆိုင်ကို PDF နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်မှုတစ်ခု ဇွန်လ ၉ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ပေတောကျောင်းကုန်းကျေးရွာမှာ ဆန်ဆိုင်ဖွင့်ထားတဲ့ ဦးကျော်ဟန်မိုး(ခ)မိုးကြီးရဲ့နေအိမ်ဆိုင်ကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်က PDFအကြမ်းဖက်တွေက ဓားပြဝင်တိုက်ခဲ့တာဖြစ်ပြီး ဆန်ဆိုင်က ဆန်အိတ်တွေနဲ့ သုံးဘီးဆိုင်ကယ်ကိုလည်း ယူဆောင်သွားတာဖြစ်ပါတယ်။
“မဒဲအုပ်စုပေတောကျောင်းကုန်းရွာက ရွာခွဲတာဝန်ခံ ရာအိမ်မှူး ကိုကျော်ဟန်မိုးက ဆန်ရောင်းပါတယ်၊ လူက ထွက်ပြေးလိုက်လို့ မိမသွားပါဘူး ၊ ဆန်အိပ်တွေနဲ့ အိမ်ရှိသုံးဘီးပါ ယူဆောင်သွားပါတယ် ၊ မုန်းဇလဲအုပ်စု ညောင်ပင်စောက်ရွာကိုဝင်ပြီး တာဝန်ခံ ရာအိမ်မှူးလိုက်ရှာမတွေ့၍ ရွာ့အပြင်မှာသေနတ် ၅ ချက်ဖောက် ပြန်သွားပါတယ်” လို့ PAN ရဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
ကျေးရွာကို ဓားပြဝင်တိုက်တဲ့ PDF အကြမ်းဖက်တွေဟာ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပြီး ဆန်အိတ်တွေအပြင် ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ သတင်အရင်းအမြစ်က ဆိုပါတယ်။
တစ်နှစ်အတွင်း ပွင့်ဖြူမြို့နယ်က တပ်မတော်ချစ်သူနဲ့ ကြံ့ခိုင်ရေးအမာခံ ၆၀ ကျော်ကို PDF အကြမ်းဖက်တွေက သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ပျောက်ဆုံးနေသူ ၄၀ ဦးကျော်ရှိသလို ပွင်ဖြူမြို့အနောက်ဘက်ခြမ်း တောင်မုန်း မြောက်မုန်းက အိမ်ထောင်စု ၃၀၀၀ ကျော်ဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
#PAN