ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူ၏ လည်ပင်းအား ကြိုးဖြင့်ရစ်ပတ်ကာ သတ်ဖြတ်

(မှုခင်း) ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊အမှတ် ၁ရပ်ကွက်မြေတိုင်း၁၁. ဗိုလ်တာယာလမ်း အမှတ် ၄၀၄အဆောင်တွင် လူသေမှုတခု ဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ည ၈နာရီခွဲအချိန်ခန့်က   လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၄၀၄အဆောင်တွင် နေထိုင်သူ မောင်ခက်ဆွေ ၂၆ နှစ်ဘ ဦးထွန်းထွန်းသည် အရက်အလွန်ကျွံသောက်၍ ဦးနှောက်ကြောပြက်သည်ဟုဆိုကာ  လှိုင်သာယာဆေးရုံသို့  ခေတ်သစ်ပရဟိတယဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းနောက်သေဆုံးသူအားစစ်ဆေးရာတွင် နေအိမ်၌ပင် သေဆုံးနေကြောင်း သိရသဖြင့် မှုခင်းဆေးဆရာဝန်မှသေဆုံးသူတွင် လည်ပင်းတွင်ကြိုးဒဏ်ရာ၊ ရင်ဘက်တွင်ခြစ်ရာများတွေ့ရှိကြောင်း   နယ်မြေရဲစခန်းအားအကြောင်းကြားလာ၍ ရဲတပ်ဖွဲ့မှများမှ မှုခင်းဆရာဝန်အား အကူညီတောင်းခံရာ သေဆုံးသူမောင်ခက်ဆွေ PR- 04 ကို  ယနေ့နံနက်တွင် စစ်ဆေးရာတွင် သာမာန်သေဆုံးခြင်းမဟုတ်ကြောင်း၊ ကြိုးဖြင့်လည်ပင်းရစ်ပတ်အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့​နောက် သေဆုံးသူ မောင်ခက်ဆွေ၏ ဇနီးဖြစ်သူ မယွန်းနဒီဝေ ၂၄ နှစ် (ဘ) ဦးမြင့်သောင်းအား ထိန်းသိမ်းစစ်ဆေးရာ ခင်ပွန်းဖြစ်သူအား မိမိကိုယ်တိုင်သတ်မိကြောင်း ဝန်ခံထွက်ဆို၍ သက်သေခံပစ္စည်းများကိုရဲတပ်ဖွဲ့မှ သိမ်းစည်းကာ မြို့မစခန်းတွင် တရားခံ မယွန်းနဒီဝေအား ထိန်းသိမ်းထားကြောင်းသိရသည်။

#PAN