(မှုခင်း) ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ဒဟတ်ကန်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးနှင့်ကျေးရွာသား တစ်ဦးအား အကြမ်းဖက် PDF များက သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီခွဲအချိန်ခန့်က ညောင်ဦးမြို့နယ်၊ထီးပုကျေးရွာ အုပ်စု၊ဒဟတ်ကန်ကျေးရွာနေ ဦးဝင်းနိူင်၊၅၂နှစ်၊(ဘ)ဦးစိုးသန်း၊(ပြည်ခိုင်ဖြိုးပါတီဝင်) သည် ၎င်း၏နေအိမ်တွင် တစ်ရွာတည်းနေ ဦးချမ်းသာ၊၃၃နှစ်၊(ဘ)ဦးဖိုးနီနှင့်အတူရှိနေစဥ် အကြမ်းဖက် PDF ၅ဦး၊သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးဝင်းနိူင်နှင့် ဦးချမ်းသာတို့နှစ်ဦးသည် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဒဟတ်ကန်ကျေး ရွာနေ ဦးတင်စိုး၊၅၈နှစ်၊(ဘ)ဦးသောင်းရှိန်၊(ရာအိမ်မှုး)(ပြည်ခိုင်ဖြိုးပါတီဝင်)၏နေအိမ်သို့ အကြမ်းဖက် PDF ၃ဦး၊သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးတင်စိုးတွင် ယာ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းယာဘက် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ဦးခေါင်းဝဲဘက် ဖောက်ဝင်ဒဏ်ရာ ၂ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းနောက် အကြမ်းဖက် PDF များသည် ဦးဝင်းနိူင်ပိုင်ဆိုင်သည့် MDY-6/4K/7378၊HONDA ACTY အဖြူရောင် ယာဥ် ၁စီး၊YGN-22/ 3I/8473၊PASSO ခဲဖြူရောင်ယာဥ် ၁စီးတို့အား ယူဆောင်မောင်းနှင်သွားကြောင်း သိရသည်။
#PAN