ကြက်သွန်နီဈေးအနည်းငယ် ပြန်ကျလာ

ဇူလိုင် ၇

      ပြီးခဲ့တဲ့ မေလကုန်ကနေစတင်ပြီး အမြင့်ဈေးရောက်ရှိခဲ့တဲ့ ကြက်သွန်နီဈေးဟာ လက်ရှိကာလမှာ အခုဈေးကွက်အတွင်း အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ပြီးလို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။

        ယခုနှစ်နွေ ကြက်သွန်နီ အထွက်နည်းခဲ့တဲ့အတွက် ကြက်သွန်ဈေးမှာ အမြင့်ဈေးမှာရှိနေခဲ့ပြီး လက်ရှိအချိန်မှာ ပြည်ပဝယ်ယူမှုတွေ နည်းပါးလာခဲ့တာကြောင့် အခုလိုမျိုး ဈေးအနည်းငယ်ကျဆင်း လာတာဖြစ်တယ်လို့ သိရပါတယ်။ 
ကြက်သွန်ဈေးမှာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ ဈေးနှုန်းများပြောင်းလဲနိုင်ပြီး လက်ရှိ ဈေးကွက်မှာ မြစ်သား ကြက်သွန်များက ဈေးအမြင့်ဆုံးနှင့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

     လက်ရှိ ရန်ကုန်ဈေးကွက်မှာ ဆိပ်ဖြူတစ်ပိဿာကို ၁,၈၀၀ မှ ၂,၁၅၀၊ မြစ်သားတစ်ပိဿာကို ၁,၅၀၀ မှ ၂,၅၀၀၊ မြင်းခြံတစ်ပိဿာကို ၁,၈၀၀ မှ ၂,၁၅၀ ထိ ဈေးရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

     ကြက်သွန်နီကို လက်ရှိ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပုံမှန်တင်ပို့နေတာဖြစ်ပြီး ၈ လပိုင်းနှင့်‌ ၉ လပိုင်းမှာ ကြက်သွန်ရှားကာ ဈေးပြန်လည်တက်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ သွင်းအားစုများဈေးကြီးနေတဲ့အတွက် မြေဩဇာကောင်းကောင်းမသုံးနိုင်ပါက အထွက်နှုန်းနည်းကာ အရည်အသွေးလည်း ကျဆင်းနိုင်ကြောင်း လက်ရှိ ဈေးကွက်မှာ နွေကြက်သွန်များနဲ့  အရောင်းအဝယ် ပြုလုပ် နေတာဖြစ်ပြီး ၁၁ လပိုင်း နှင့် ၁၂ လပိုင်းကာလတွေမှာသာ မိုးကြက်သွန်တွေကို အရောင်းအဝယ်ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN