(အားကစား) မေလ ၁၈

ယခုနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနှင့် အတူ စပိန်လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ် က ရရှိခဲ့ကြောင်း သိရပါတယ်။
နည်းပြ ဟန်ဆီဖလစ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှသာ ဘာစီလိုနာအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့သော်လည်း အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီမှာပင် စပိန်လာလီဂါပြိုင်ပွဲ မပြီးဆုံးမီ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ ပြီးနောက် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
နည်းပြ ဟန်ဆီဖလစ် ဟာ ယခုနှစ်ဘောလုံးရာသီတွင် စပိန်လာလီဂါဖလားအပြင် စပိန်စူပါဖလားနဲ့ စပိန်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲတို့တွင်လည်း ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့ ပါတယ်။
တစ်ရာသီအတွင်း အဓိကဆုဖလား သုံးလုံးဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြများစာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့တဲ့ အပြင် ယခုနှစ်ဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံတိုင်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ နည်းပြတစ်ဦးဖြစ်လာခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews