(အားကစား) မေလ ၁၈

ရီးရဲလ်မက်ဒရစ်အသင်းက လက်ရှိဘောလုံးရာသီကုန်တွင် လီဗာပူးအသင်းမှ ထွက်ခွာမည့် ခံစစ်ကစား သမား အာနိုး ကို အလွတ်ပြောင်းရွှေ့ခွင့်နှင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းဖော်ခံစစ်ကစားသမား ကွန်နာတီ ကိုလည်း အလွတ်ပြောင်းရွှေ့ခွင့်နှင့် ထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။
ကွန်နာတီ နဲ့ လီဗာပူးအသင်း တို့ရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး ရီးရဲလ်မက်ဒရစ် အသင်းက ခံစစ်ကစားသမား အာနိုး နှင့်အတူ စာချုပ်ကုန်ဆုံးပါက အလွတ်ပြောင်းရွှေ့ခွင့်နှင့် ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်း အားကစားဒါရိုက်တာက လာမည့်နှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အာဆင်နယ်အသင်း ခံစစ်ကစားသမား ဆာလီဘာ ကို အလွတ်ပြောင်းရွှေ့ခွင့်နှင့် ခေါ်ယူနိုင်ရန် ပစ်မှတ်ထား နေတဲ့အပြင် ဘုန်းမောက်အသင်း ခံစစ်ကစားသမား အူဟီဆန် ကိုခေါ်ယူ၍ ဆေးစစ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။
ဘင်ဖီကာအသင်း ခံစစ်ကစားသမား ကာရီးရက်စ် ကိုလည်း ထပ်မံခေါ်ယူနိုင်ရန် ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews