ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယာဥ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံး

(မှုခင်း) မေ ၁၁

နေပြည်တော်၊ဇေယျာသီရိမြို့နယ် ရန်-မန်းလမ်းဟောင်း ဝင်ပျံကျေးရွာအနီးတွင် မေလ ၁၀ ရက်နေ့ နံနက် ၁နာရီအချိန်ခန့်က အမျိုးသားတစ်ဦးအား ယာဥ်တစ်စီးမှ ကြိတ်မိခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။

ယနေ့နံနက် ၁နာရီအချိန်ခန့်က အရက်မူး၍လမ်းပေါ်အိပ်နေသူဟုယူဆရသူအမျိုးသားတစ်ဦးအား ယာဥ်အမှတ် အမျိုးအစားမသိ ယာဥ် မှ ကြိတ်မိခဲ့ရာ သေဆုံးသွားကြောင်း ၊၎င်းပြင် ဆက်လက်မောင်းနှင်သည့် ကားကြီးများမှ မတော်တဆ ထပ်မံကြိတ်မိခဲ့ရာအမျိုးသား၏ရုပ်အလောင်းမှာ မည်သူဟူ၍ ခွဲခြားမရတော့​ကြောင်း သိရသည်။

အဆိုပါ တိုက်သွားသည့် ယာဥ်အား ဖမ်းစီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံးစမ်းလျှက်ရှိပြီး ၄င်းကွယ်လွန်သူအမျိုးသားအား လိုအပ်သည်များဆောင်ရွက်နိူင်ရန် ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံသို့ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်း မှပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ၎င်းကျေးရွာအနီးတွင် ရန်ကုန်_မန္တလေးလမ်းဟောင်း၊မိုင်တိုင်အမှတ်(၂၃၉/၇နှင့် ၂၄၀)အကြား၊လမ်းအရှေ့ဘက်အခြမ်းမှအနောက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား မော်တော်ယာဥ်တစ်စီးမှ တိုက်မိခဲ့ရာဆိုင်ကယ်မောင်းနှင်သူအမျိုးသား တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ည ၈နာရီခွဲအချိန်က WAVE_110 အနက်ရောင်ဆိုင်ကယ်မောင်းနှင်သူ အောင်ကိုလင်း အသက်၃၆နှစ် (ဘ)ဦးမောင်စိုး၊ဝင်ပြန်ကျေးရွာ၊ခေတ်အေးအုပ်စု၊ဇေယျာသီရိမြို့နေသူ၊မြန်မာ့အလင်းသတင်းစာတိုက်ဝန်ထမ်းမှ ရန်ကုန်-မန္တလေး ကားလမ်းအား မောင်းနှင်ဖြတ်ကူးစဥ် တပ်ကုန်းမြို့ဘက်မှပျဥ်းမနားမြို့ဘက်သို့ ယာဥ်မောင်း စောအယ်လ်ဖာ(သ)၃၉(ဘ)ဦးစံဖုန်း၊အမှတ်(၂၀၃၅)ရွှေတမာပင်လမ်း၊(၆၅)ရပ်ကွက်၊တောင်ဒဂုံမြို့နယ်နေသူမောင်းနှင်သည့်ယာဥ်အမှတ် 8M/3975 လိုက်ထရပ် အဖြူရောင်ယာဥ်နှင့်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အောင်ကိုလင်းတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အလောင်းအား ဂရုဏာရှင်လူမှုကူညီရေးအသင်းယာဥ်ဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

#PAN