(မှုခင်း) မေ ၈

“၉း၃၀ အချိန်လောက်က ကျနော်သားလေးကို လူတစ်စုက လက်နက်ပြခြိန်ခြောက်ပီဆခ်ါဆောင်သားတယ်လ်ူ့ပါ တွေရင် ဆက်သွယ်ပေးပါအုံးဗျ “ ဆိုတဲ့ ဖခင်ဖြစ်သူရဲ့အကောင့်လို့ ထင်မြင်ရတဲ့အကောင့်တစ်ခုက Facebook လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေထားပါတယ်။
သတင်းအရ ယနေ့မေလ ၈ ရက် မနက် ၉ နာရီခွဲ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ချမ်းမြေ့သီလရှင်ကျောင်းအနီးမှာ အမည်မသိလက်နက်ကိုင်တစ်စုက မိခင်ဖြစ်သူကို သေနတ်ထောက်ပြီး အသက်(၅) နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
မော်တော်ဆိုင်ကယ်ဖြင့် အသင့်ရပ်စောင့်နေတဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအမျိုးသားနှစ်ဦးဟာ ချစ်စံဟိန်းတို့ သားမိနှစ်ဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆိုင်ကယ်မောင်းလာတဲ့ မိခင်ဖြစ်သူကို သေနတ်ထောက်ပြီး အသက်(၅) နှစ်အရွယ် ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာလို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ အသက်(၅) နှစ်အရွယ် ချစ်စံဟိန်းကို ပြန်လည်တွေ့ရှိပါက ၀၉-၉၆၃၅၇၇၀၄၃၊ ၀၉-၄၅၀၁၅၅၇၀၀ နဲ့ ၀၉-၄၀၀၆၇၈၆၂၆ တို့ကိုဆက်သွယ်ပေးကြဖို့ မိဘဖြစ်သူတွေက မေတ္တာရပ်ခံထားပါတယ်။
Telegram»…
https://t.me/positiveanglenews