မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်မှ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားများနှင့် အရေးကြီးစာရွက်စာတန်းများ တူးဖော်ရရှိ


(ပြည်တွင်း) မေ ၆

မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်၊ (C)အဆောင်နှင့် (D)အဆောင်များတွင် ကျန်ရှိနေသော ရုပ်အလောင်းများထုတ်ယူနိုင်ရေး မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ ယန္တရားများနှင့် အတူနေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Sky Villa အဆောက်အဦ (B)အဆောင်၊ (C)အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းရာ (B)အဆောင် အခန်းအမှတ် (I9)မှ ရှာဖွေတွေ့ရှိခဲ့သော မြန်မာငွေ ၈၃,၀၀၀,၀၀၀ ကျပ်၊ US ဒေါ်လာ ၁၀၀ တန် ၃၀၀ ရွက်၊ တရုတ်ငွေ ၅၀ တန် ၂ ရွက်၊ ၁၀ တန် ၆ ရွက်၊ ထိုင်းဘတ်ငွေ ၂၀ တန် ၇ ရွက်၊ ရွှေ ၁၀ ကျပ်သားတုံး ၁၀ တုံး၊ ၁ ကျပ် ၄ ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက်၊ ဟန်းချိန်း ၂၆ ကုံး၊ လက်စွပ် ၃၅ ကွင်း၊ နားကပ် ၁၃ ရံ၊ ဆွဲသီး ၅ ခု၊ ကျောက်စိမ်းပန်းပု ၂ ခု၊ ပုလဲပုတီး ၂ ကုံး၊ ကျောက်စိမ်းပါလက်စွပ် ၁ ကွင်း၊ iphone ၁ လုံး၊ ipad ၁ လုံး၊ မှတ်ပုံတင် ၃ ခု၊ ဘဏ်စာအုပ် ၉ အုပ်၊ LV ပိုက်ဆံအိတ် ၁ လုံး၊ Dior Cosmetic ၁ ခုနှင့် အရေးကြီးစာရွက်စာတမ်းများအား တူးဖော်တွေ့ရှိရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပစ္စည်းများအား ပိုင်ရှင်ကိုယ်စား မောင်တော်စပ်သူထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN