(မှုခင်း) မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က အိုင်းမရွာခွဲတာဝန်ခံ ဦးဝင်းဌေး၏ နေအိမ်သို့ အိုးပြင်မဲရွာမှ ဦးဖိုးတင် နှင့် ၄င်း၏ဇနီး ဒေါ်မြသန်း တို့ရောက်ရှိနေစဥ် အကြမ်းဖက် PDFများရောက်ရှိလာပြီး ဦးဝင်းဌေး၊ ဦးဖိုးတင်နှင့် ဒေါ်မြသန်းတို့ ၃ ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းနောက် အကြမ်းဖက် PDF အဖွဲ့များသည် မန်းချောင်းတံတား အိုင်းမဘက်ထိပ်အရောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးအနက် ဦးဝင်းဌေး နှင့် ဦးဖိုးတင် တို့ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေါ်မြသန်းကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews